သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ မအူရွာ၊ ဆင်စုနယ်မြေရှိ ဒေါ်စန်းစန်းထွေး၏ "တပြည်သူ"
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၈၅.png?itok=rC93LSo4)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်ချက်အရ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီပါ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ အဖွဲ့ဝင်များလိုက်ပါ၍ (၁၆-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်မှ နေ့လယ်(၁၂:၃၀)နာရီအချိန်ထိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၈၂_1.jpg?itok=7CsKnKpG)
စားသုံးသူရေးရာဦးစီဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ နဝင်းရပ်ကွက်ရှိ ဝါရုံအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၈၁_1.jpg?itok=Q3mLoeUK)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့သည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.34.jpg?itok=pZMeaqs4)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့၊ နံနက် (၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်၊ မြန့်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လာရောက်သူများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.33.jpg?itok=C-DGYzBn)