သတင်းနှင့် လှုပ်ရှားမှုများ
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ထားဝယ်စုရပ်ရှိ ဆန်အရောင်းဆိုင် (၃)ဆိုင်သို့သွားရောက်၍ ဆန်ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင်း မျိုးသန့်စပါးမျိုးများ ဖူလုံ စေရေးနှင့် မျိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများ မျိုးစပါးနှင့်ပတ်သက် ပြီး လိုက်နာရမည့်အချက်များ ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက်ပြည့်မီရေးတို့ အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ဧရာမင်းစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာပေးအပ်ပွဲကို ဩဂုတ်လ ၁၃ ရက် နံနက် (၀၉:၀၀) နာရီက တောင်သူဦးမျိုးနိုင်၏ ၂ ဧကစိုက်ကွင်း၌
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက် နံနက် ၁၁:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် ကျန်းမာ ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ “ဒေါ်မော်မော်နိုင်” ကုန်စုံဆိုင်တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် အမှတ် (၃)ရပ်ကွက်၊ ကန့်ဘလူမြို့ရှိ “မြတ်နန်းဦး” သောက်ရေသန့်စက်ရုံသို့ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိဒ္ဓိအောင်” ဆီစက်လုပ်ငန်းရှင်