သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Aug 2024

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စာရင်းစစ်ရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈  ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မီးရထားရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော သိန်းထိုက်အောင်၊ OK နှင

19 Aug 2024

     မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ DICA အစည်းအဝေးခန်းမ၌ (၇.၈၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာကော်မတီ(၃/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကိုကျင်းပ ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် စားသူရေးရာ ဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၁၄) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

19 Aug 2024

    ၁၄.၈.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

19 Aug 2024

       ၁၂.၈.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးအတွင်းရှိ မုန့်ဆိုင်ကြီးများတွင် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

19 Aug 2024

    ၁၂.၈.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ အမှတ်(၂)ဈေးကြီးနှင့် ပွဲရုံတန်းအတွင်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

Pages