သရက်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေများ၊ MyRoတွင်မှတ်ပုံတင်ထားခြင်းရှိမရှိတို့အား ကွင်းဆင်း စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် သရက်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များ၊ ဆန်သိုလှော်ရုံများတွင် ဧည့်မ ထဆန်နှင့် စားသုံးမှုအရည်အသွေးကောင်းမွန်သော ပြည်တွင်းစားသုံးဆန်များဖြစ်သည့် မှော်ဘီ၊ ရက် (၉၀) စသည့် ဆန်အမျိုးအစားများကို အဓိကသိုလှောင်ထားသည်ကို တွေ့ရှိရပါသည်။ ထို့နောက် ဆိုင်အရောင်းပိုင်ရှင်များအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစား ရန် အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ MyRo တွင်မှတ်ပုံတင်ထားရှိသော သိုလှောင်ရုံများ၏ ဆန်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအားလစဉ်လဆန်း (၁) ရက်နေ့မှ (၁၀)ရက် အတွင်း ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရန် အသိပညာပေး ဆွေးနွေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)