
၁၁.၁၂.၂၀၂၅ ရက်နေ့၊ မွန်းလွှဲပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူ ရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ကျိုက်ထိုမြို့နယ်အတွင်း၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော သိုလှောင်ရုံများနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ ဆန်များသိုလှောင် ထားရှိမှု ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
