
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံဦးဆောင်သော ဝန်ထမ်းများသည် (၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အောင်လံမြို့ပေါ်ရှိ စန်းသော်တာ ဆီစက်၊ စူပါ မလှိုင်လုပ်ငန်း၊ အာချီ မလှိုင်လုပ်ငန်းနှင့် ရွက်စိမ်း ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ထုတ်လုပ်နေပုံ အဆင့်ဆင့်နှင့် ထုတ်ပိုးမှု အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် စားသောက်ကုန်များတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား များအား စစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း (၁၈) ပုဒ်မ(၄၁)အရ ပါရှိရမည့် အချက်များ နှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) တို့ နှင့်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
