သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Aug 2024

      ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်အသင်း ဒုဥက္ကဋ္ဌ၊ အသင်းဝင်များ၊ ဆန်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

20 Aug 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ (၈) ရပ်ကွက် ၊ အမှတ်(၃) ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

20 Aug 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

20 Aug 2024

     ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၁၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဖျာပုံ၊ဘိုကလး၊ ကျိုက်လတ်၊ ဒေးဒရဲမှမြို့နယ်တာဝန်ခံများ၊ ဆီထုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍အစည်းအဝေးပြုလုပ်ကျင်းပခဲ့ကြပါ သည်။

20 Aug 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၁၃.၈.၂၀၂၄) ရက်နေ့ နံနက်(၀၉;၃၀)နာရီက မြို့နယ်ဆန်စက်ပိုင်ရှင်အသင်းရုံးတွင်  ဆန်စက်ပိုင်ရှင်နှင့်စက်ပိုင် ကိုယ်စားလှယ်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages