
(၉.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် ကလိုဗာ ၂ အလှကုန်ပစ္စည်းအမျိုးမျိုး Online shop အား သင်္ဂဟလမ်း၊ ကျောက်မြောင်းအထက် ရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ် ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိစစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းများတွင် အမျိုးအမည်၊ ကြိုတင်သတိ ပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြထားရှိရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အလှကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
