သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Feb 2025

          ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ (၁၃း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူ ရေးရာဦးစီဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့ပေါ်ရှိ လက်ဝတ် ရတနာပစ္စည်းများ ရောင်းချလျက်ရှိသည့် Online လုပ်ငန်းများအား မြေပြင်စစ်

27 Feb 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင်၊ တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်တိုင်းရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊  ကော့သောင်း ခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။  လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထားဝယ်၊ မြိတ်၊ ကော့ သောင်းခရိုင်များမှ  ခရိုင်များတွင် ဆက

27 Feb 2025

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ( ၂၅.၂.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ပခမ်းရပ်ကွက်၊ လယ်တော်အဝေးပြေးကားဝန်းအတွင်းရှိ  ပဲနှမ်း လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးရဲလှိုင်နှင့် တွေ့ဆုံ၍  အသင်း၏လက်ရှိဆောင်ရွက်နေမှုများအား ကွင်းဆင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

27 Feb 2025

၂၅.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူ​ရေးရာဦးစီးဌာနပိုင် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေချောင်လမ်း၊ အကွက်အမှတ် (၇၀) ဦးပိုင်အမှတ် (၈၇) ရှိမြေ (၀.၂၉) ဧကအား (၃) နှစ်သက်တမ်း (၁) နှစ် (၁) ကြိမ် စာချုပ်ဖြင့် ငှားရမ်းနိုင်ရေး ပထမနှစ် သက်တမ်းအတွက် တစ်လမြေငှားရမ်းခ ကြမ်းခင်းဈေး၊ ဒေသပေါက်ဈေး တွက်ချက်ရန် ကွင်းဆင်းစစ်ဆေးခဲ့သည်။

27 Feb 2025

              စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၅.၂.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

Pages