သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအား သတ်မှတ်အချင်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိ၊ MSMEs နှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့၌ မိတ္ထီလာမြို့နယ် ၊ မိတ္ထီလာ-ကျောက်ပန်း တောင်းလမ်းပေ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၇_4.jpg?itok=jygN4Ufl)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားအုန်းဆီဖြန့်ခွဲမှုအစည်းအဝေးကို ဩဂုတ်လ ၇ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူးက Vitural စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/160_4.jpg?itok=fp9z_3II)
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၆-၈-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ အ.လ.က(၇)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/154_4.jpg?itok=I_SGxj95)
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ အခက်အခဲများအား ဖြေရှင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၇-၈-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် ပြည်နယ်ဦးစီးမှူးရုံး၌ “စိန်” စားသောက်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/153_4.jpg?itok=p0JQTbOy)
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၆-၈-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ အ.လ.က(၇) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/152_5.jpg?itok=Fj1oH6O6)