
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိ ပညာပေးမှုများဆောင်ရွက်လျက်ရှိရာ (၃.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် သိရိကျော်တင်လမ်း၊ (၁၆၈)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည့်လျံ ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀)၊ ဆင်းသွယ်၊ ရွှေဘိုပေါ်ဆန်း၊ ဖျားပုံကြာပျံ၊ ပုသိမ်ပေါ်ဆန်း၊ ပေါ်ဆန်း(ခွန်နီ) ၊တောင်ပျံစသည့်ဆန်များရောင်းချလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်း အဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်း ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
