
မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ မြို့မဈေး၌ စားသောက်ကုန်ပစ္စည်းအရောင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၁-၁၁-၂၀၂၅ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် စားသောက်ကုန် ပစ္စည်းအရောင်ဆိုင်များအား ကုန်ပစ္စည်းအမျိုးအမည်၊ ကုန်စည်အမှတ်တံဆိပ်၊ ကုန်ပစ္စည်း အရွယ်အစားနှင့်အရေအတွက်၊ ထုတ်လုပ်သည့်နိုင်ငံ၊ တင်သွင်းသူအမည်၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးမည့်ရက်စွဲများပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှု ရှိမရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာခွင့်ပြုချက် အမှတ်ပါရှိမှု ရှိမရှိစစ်ဆေးခြင်း၊ သတ်မှတ်ချက်များနှင့် မညီသော ကုန်စည်ကိုရောင်းချပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Doca (ဧရာဝတီ)
