သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Feb 2025

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၂၀.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

24 Feb 2025

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ (၁၉.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဆက်လက်၍ တိုင်းစက်မှုကြီးကြပ်ရေး၊ စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနနှင့် ‌မြောင်းမြစက်မှုဇုန်၌ ကျူးကျော်အဆောက်အဦးများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

24 Feb 2025

          ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှ ဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၁၉.၂.၂၀၂၅)ရက်နေ့ ညနေ(၀၃:၀၀)အချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပ

24 Feb 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

24 Feb 2025

            ၂၂-၂ ၂၀၂၅နေ့က မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးကန်များအား ခရိုင်အုပ်ချုပ်ရေးမူးနှင့်အဖွဲ့၊ ခရိုင်စိုက်တိုးမြင့်အဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါ၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Pages