သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဌာနမှ ပြဌာန်းထုတ်ပြန်ထားသော ဥပဒေများ၊ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အများပြည်သူသိရှိနားလည်၍ လိုက်နာစေရန်၊ မိမိတို့ရရှိမည့်အခွင့် အရေးများတောင်းဆိုတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများအား အရေးဆိုနိုင်စေရန်နှင့် ဆောင်ရန်/ရှောင် ရန်များအား နည်းလမ်းများစွာဖြင့် စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိရာ (၂၀.၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့၊ ခရိုင်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၂၅.၂.၂၀၂၅)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးမှ ခေါယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှုကိစ္စနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင်တောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၅.၂.၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀)အချိန်တွင် အိမ်မဲမြိုနယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း၊ ဈေးနှုန်း ဗီနိုင်းချိတ်ဆွဲထားခြင်းများ ရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
