ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ကျွမ်းကျင်စွာ မှတ်သားထားခြင်းဖြင့် ဌာန၏ လုပ်ငန်း တာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် (၂၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ကျင်းပပြု လုပ်ခဲ့ရာ ဝန်ထမ်း(၁၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ သင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌါန်းထားသော အခန်း(၂)ရည်ရွယ်ချက်၊ အခန်း(၃)ကော်မရှင်ဖွဲ့စည်းခြင်း၊  အခန်း(၆)စစ်ဆေးရေး အရာရှိ ၏လုပ်ငန်းတာဝန်များ၊ အခန်း(၉)စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈) ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်း၊ အခန်း(၂၀)စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ အခန်း (၂၁) အယူခံဝင်ခြင်း၊ အခန်း(၂၂)စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့်် ဆောင်ရွက်မည့် အချက်များ၊ အခန်း(၂၃)တားမြစ်ချက်များ၊ အခန်း(၂၄)ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၂၅) အထွေထွေ စသည့်အခန်းများအား မှတ်သားရာတွင် လွယ်ကူစေရေးအတွက် အခန်းအလိုက်ပါဝင် သည့်ပုဒ်မ အရေအတွက် အဓိကအကြောင်းအရာ၊ အတိုကောက်မှတ်သားရန်၊ ပုဒ်ဖြတ်အလိုက် ရွတ်ဖတ်ရန်၊ အုပ်စုခွဲမှတ်သားရန်များကို ပါဝါပွိုင့်ဖြင့်  ရှင်းလင်းပို့ချခဲ့ပြီး ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)