
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အတွက် ဩဂုတ်လ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် တတိယအကြိမ် စားအုန်းဆီတန်(၅၀) လွိုင်ကော်မြို့သို့ ရောက်ရှိမှုအား နောင်ယား(ခ)ရပ်ကွက်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၏ အုပ်ချုပ်ထောက်ပံ့သိုလှောင်ရုံ ဝန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သည့် စားအုန်းဆီ ရောက်ရှိ ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးရာတွင် ရန်ကုန်မြို့မှ စတင်ထုတ်ယူသယ်ဆောင်လာသည့် စားအုန်းဆီပမာဏ(ပေပါ ၊ ပိဿာ)အရေအတွက်အတိုင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ သို့ အမှန်တကယ် ရောက်ရှိမှု ရှိ/မရှိ ၊ စားအုန်းဆီများထုတ်ယူရာတွင် ပေပါပေါ်၌ ကုမ္ပဏီအလိုက် စည်းပိတ်ထားသည့် အဖုံးများပျက်စီးမှု ရှိ/မရှိနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(ကယား)
