အင်္ဂပူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)စိုက်ပျိုးပွဲ ပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ တောင်သူ ဦးရာဇာအောင်၏ စိုက်ဧက(‌၃)ဧကတွင်  ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံနေကြာစိုက်ပျိုးပွဲ( ဆင်းရွှေကြာ-၂မျိုး)ကို (၂၄.၁၁.၂၀၂၅) ရက်နေ့ ၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးပြီး  မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျ ဆောင်ရွက်ရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မကျီးကုန်းကျေးရွာ တောင်သူဦးလှအောင်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာစိုက်ခင်း Super Sun-41 နေကြာမျိုး စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများ မကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်း လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သိရပါသည်။

DOCA (ဧရာဝတီ)