သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ရှိ (အ.လ.က)ရေတံခွန်ကျောင်း၌ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ (၂၁၆)ဦးအား (၁၈.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် စားသုံးသူ အသိ ပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၄၅)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ရေနံချောင်းမြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင် များတွင် သတ်မှတ်ရည်ညွှန်းစျေးထက်ကျော်လွန်၍ စျေးနှုန်းကြီးမြင့်ရောင်းချခြင်းရှိ/မရှိနှင့် ဘူးသွပ် ဆီများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDAထောက်ခံချက်ပါရှိခြင်းရှိ/မရှိတို့အား စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ရှိ (အ.လ.က)ကျုံဖားကျောင်း၌ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ (၁၄၇)ဦးအား (၁၉.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူ အသိ ပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဝန်ထမ်းများသည် (၂၀.၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ MSMEs လုပ်ငန်းများမှ ကောင်းဦးထက် မုန့်လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းလည်ပတ်မှု၊ ကုန်ကြမ်း ဝယ်ယူရရှိမှု၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၈.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
