သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှစစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ ထားဝယ်မြို့၊မြို့သစ်ရပ်ရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ မြန်မာ့ စီးပွားရေးဘဏ်ဘေး၊ အထက(၁) ကျောင်းဝင်းအတွင်းတွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ ၁ ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါ သည်

ဖေဖော်ဝါရီ လ - ၂၀
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၀-၂-၂၀၂၅ ရက်၊ ကြာသပတေးနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ လ - ၁၉
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၉-၂-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ ဆရာ၊ဆရာမများ (ကျောင်းသား၊ ကျောင်းသူ)များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ၂၁-၂-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
