သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန် တွင် ကျိုင်းတုံမြို့၊ Polytechnic University ၊ Polytechnic University ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးဌာနတို့နှင့်ပူးပေါင်းကာ တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်ရှိ yellow surprise သောက်ရေသန့်နှင့် လွယ်တော်ခမ်းကျေးရွာရှိ စန်းရေသောက်ရေသန့်လုပ်ငန်းတို့အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ မှတ်ပုံတင်လျှောက်ထားသည့် အထကလမ်း၊ရပ်ကွက်(၂)၊ လွိုင်လင်မြို့ရှိ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ ရောင်းချလျက်ရှိသည့် အွန်လိုင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ စားသုံးသူပြည်သူ များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ( ၁၇.၂.၂၀၂၅ )ရက်နေ့ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် ပြန်ဆက်ဦးစီးဌာန Community Centerတွင် ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီက အွန်လိုင်စနစ်ဖြင့်လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။
