သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Feb 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၃.၂.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် ဒေါ်ပိုက်မိခန်းမ၌ မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ များအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

17 Feb 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၃:၀၀)အချိန်တွင် အ.ထ.က(၂)  ဗိမာန်ခန်းမ၌ကျင်းပသော မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းတွင် ဆရာ/ဆရာမ များအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

17 Feb 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၁၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မော်ကျွန်းမြို့နယ် အ.ထ.က သစ်တိုဆိပ်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

17 Feb 2025

             စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည်  ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ  (၇)ရက်နေ့၊  မွန်းလွဲ (၁၃:၃၀) အချိန်တွင်  တောင်ကြီးမြို့ ၊ အဝေရာမီးပုံးပျံကွင်း ၌ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ခင်းကျင်းရောင်း ချလျက် ရှိသောဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန် အတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

17 Feb 2025

          ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၁၃.၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages