သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်သားများကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့၊ ကြယ်နီအဆင့်မြင့်ဆန်စက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရန်ကုန်မြို့ရှိ GGPG Co.Ltdမှ ထုတ်ယူခဲ့သော ယာဉ် အမှတ်6L-9513 မော်တော်ယာဥ်ဖြင့် စားအုန်းဆီ ၅၄ ပေပါ (သို့) ပိဿာ ၅၉၄၀ နှင့် MPLY Co.Ltdမှ ထုတ်ယူခဲ့သော ယာဉ်အမှတ် 3R-93605 မော်တော်ယာဥ်ဖြင့် စားအုန်းဆီ ၁၀၈ ပေပါ(သို့) ပိဿာ ၁၁၈၈၀၊ စုစုပေါင်း ၁၆၂ ပေပါသည် မြိတ်မြို့သိ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၄ ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပပြုလုပ်သော စားအုန်းဆီထုတ်ယူခြင်း၊ ဖြန့်ဖြူးခြင်းဆိုင်ရာ စာရင်းဇယားများပြုစုပေးပို့ခြင်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၊နံနက် ၁၀:၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများအား တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
