
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်တိုင်းဒေသကြီး၊ပြည်နယ်အလိုက်မြို့ကြီးများ၏ရည်ညွှန်းလက္ကားဈေးနှုန်းများအားနေ့စဉ် သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိရာ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန နှင့်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းခြင်းကိုဆောင်ရွက်ခဲ့ ပါသည်။
ဒေးဒရဲမြို့နယ်တွင်စက်သုံးဆီဆိုင်(၄)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကာစက်သုံးဆီပြတ် လပ်မှု မရှိဘဲ(PPRD)စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကော်မတီမှနေ့စဉ်သတ်မှတ် ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပြီးအချိန်အတွယ်နှင့်အလေးချိန် မှန်ကန် စွာ ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
