သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Feb 2025

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၉.၂.၂၀၂၅) ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စားသုံးဆီလက်လီလက္ကားအရောင်းဆိုင်ရှင်များအား  ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

13 Feb 2025

          မြင်းခြံခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်ပြီး ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကိုလည်း အဓိကထား စိုက်ပျိုးကြသည်။ ဗမာကုလားပဲ(ဝါ) အထွက်တိုးကုလားပဲ၊ ကုလားပဲဖြူလုံးကြီး(ခေါ်)V2၊ V7၊ 929 စသည်ဖြင့် ကုလားပဲအမျိုးအစား များစွာရှိပြီး ဆောင်းတွင်းတစ်ရာသီသာ စိုက်ပျိုးသော သီးနှံဖြစ်သည်။

13 Feb 2025

          မြင်းခြံခရိုင်သည် မန္တလေးတိုင်းဒေကြီးတွင်ပါဝင်ပြီး မြို့နယ်(၃)ခုဖြင့် ဖွဲ့စည်းထားသော ခရိုင်မြို့ဖြစ်သည်။ မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိကာ ဆည်ရေသောက်ဧရိယာများတွင် စိုက်ပျိုးရေးလုပ်ငန်းများလည်း အသင့်အတင့်ဆောင်ရွက်လျက် ရှိသဖြင့် တောင်သူများအနေဖြင့် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံစသည်တို့ကို စိုက်ပျိုးလျက်ရှိပြီး ဆောင်းကြက်သွန်နီကိုလည်း အားထားစိုက်ပျိုးလျက်ရှိသည်။

13 Feb 2025

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့  ပူးပေါင်း၍ လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိနှင့် လုံခြုံစိတ်ချရမှု ရှိသော ကုန်စည်များရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ(၅) ရက်နေ့လည် (၁၃း၀၀ )နာရ

13 Feb 2025

ပူးပြင်းခြောက်သွေ့သော ရာသီသို့ မကြာမီရောက်ရှိလာတော့မည်ဖြစ်သဖြင့် ဌာနပိုင် အဆောက်အဦးများ မီးဘေးလုံခြုံမှုရှိစေရန် အဆောက်အဦးဝန်းကျင်များ၌ မီးတားလမ်းများ၊ မီးဘေးနှင့်အရေးပေါ်ကြုံတွေ့လာပါက ဌာနရှိဝန်ထမ်းများအနေဖြင့် မီးငြိမ်းသတ်မှုများကို စနစ် တကျနှင့်နည်းလမ်းမှန်ကန်စွာ အချိန်မီ ငြိမ်းသတ်နိုင်ရေးနှင့် မီးသတ်ဆေးဗူးများအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး၊ မီးသတ်ဆေးဗူးများတွင် ဆေးရည်များရှိမရှိနှင့် ကောင်းစွာအသုံးပြုနိုင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားရန်နှင့်         မီးလောင်မှုမ

Pages