သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင်ဦးစီးမှူး၊ ဒေါ်ခင်ခင်ထိုက် (ဦးစီးမှူး)၊ ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)နှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇူလိုင်လ ၈ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ သာယာဝတီခရိုင်ဦးစီးမှူး၊ ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)၊ ဒေါ်ခင်ခင်ခ(ဦးစီးမှူး)နှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇူလိုင်လ၈ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် သာယာဝတီမြို့၊ ဈေးရုံကြီးရပ်ကွက်၊ ဘောလုံးကွင်းလမ်းအတွင်းရှိ ရပ်ကွက်နေပြည်သူများ သိသင့်သိထိုက်သည့်ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ညောင် ခြေထောက်မြို့နှင့် ကျွဲပွဲမြို့များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေများ ရောင်းချနေမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင် ရွက်ပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင် ဖြူးမြို့ရှိ ဆန်ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များက အခြေခံလူတန်းစားများသို့ ဆန်များကို သက်သောသောနှုန်းထားဖြစ်သည့် တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီတွင် ပဲခူးမြို့အတွင်းရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။