သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၄.၇.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် မြန်အောင်မြို့၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ တောင်သူဦးလှထွန်း၏စိုက်ခင်း၌ တောင်သူလုပ်ငန်းရှင်(၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၁.၇.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်၊ ဈေးတာဝန်ခံရုံး၌ ပြည်သူ(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၄.၇.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်၊ မြို့မဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၃.၇.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊မြို့မဈေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ဇွန်လ(၂၄)ရက်နေ့မှ စတင်၍ သက်သာသောဈေးနှုန်းဖြင့် လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိရာ (၇.၇.၂၀၂၄) ရက်နေ့အထိ ရောင်းချပေးနေသော ဆန်စက် (၂၃)စက် နှင့် ဆန်ဆိုင် (၆)ဆိုင်၊ စုစုပေါင်း လုပ်ငန်းရှင် (၂၉) ဦးမှ ဆန်အိတ် (၁၆၂)အိတ်နှင့် လူဦးရေ (၈၈၀)ဦးအတွက် ရောင်းချပေးလျက်ရှိပါကြောင်းနှင့် သာယာဝတီမြို့၊ သုံးဆယ်မြို့ရပ်ကွက်၊ အနီးနားရှိကျေးရွာတို့မှ အများပြည်သူတို့ လာရောက်ဝယ်ယူကြပါကြောင်း သိရှိရပါသည်။