
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ဓနုဖြူမြို့နယ် ၆ရပ်ကွက်၊ အမှတ်(၄) (အ.မ.က) ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်မူးယစ်အဖွဲ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာတို့နှင့်အတူ (၂၁၊၁၁၊၂၀၂၅)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီ အချိန်တွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ (၄၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူမှ စားသုံးအခွင့်အရေး (၈)ချက် လိုက်နာရမည့် တာဝန် (၄)ချက် နှင့် မြန်မာစာကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကိုနမူနာပုံစံပြသကာ ထိုကဲ့သို့သော ကုန်စည်နှင့် စားသောက်ကုန် များကို အဓိကထားအသုံးပြုစားသောက်သင့်ကြောင်းကိုလည်းကောင်း၊Online Sale ဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးခြင်းနှင့် အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် လိမ်လည်မှုများ မခံရစေရန် အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များအား ရှင်းလင်းခဲ့ပြီး စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုများရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center N0.1535 သို့ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်းအား အသိပညာပေးခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှတာဝန်ရှိသူမှ မူးယစ်ဆေးဝါးအန္တရာယ် အသိညာ ပေးခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား(၁၂၀)ဦး စုစုပေါင်း(၁၂၈)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
