သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆိုင်များတွင် ဆေးဝါးရောင်းချမှု စနစ်တကျရှိစေရန်နှင့် ဆေးဈေးနှုန်းများမြင့် တက်မှုမရှိစေရန်အတွက် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာဝန်ကြီးဦးဆောင်လျက် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်သာယာရေး၊စားသုံးသူရေးရာဦးစီးဌာန တိုင်းရင်းဆေးဝါးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၁.၂.၂၀၂၅) ရက်နေ့နေ့လယ် (၀၂:၀၀) နာရီအချိန်တွင် ဆေးဝါးရောင်းချသည့်ဆိုင်များသို့ ရှောင်တခင်ဝင်ရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ အခြေခံပညာမူလ တန်ကျောင်းသို့ (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်ဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံအုပ်စု၊ ဘယ်လက်ကျေးရွာရှိ (အ.မ.က)ဘယ်လက်ကျောင်းတွင် (၁၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်ဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များ အတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ၁၀.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ တာဝန်ရှိသူ ဝန်ထမ်း (၂)ဦးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၁၀.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းတုန်းမြို့ပေါ်ရှိ စတိုးဆိုင်(၅)ဆိုင်တွင် ရောင်းချသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
