သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Jul 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဇွန်လ(၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်       ဒေးဒရဲမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူပြည်သူ( ၁၀ )ဦးတို့အား     စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

01 Jul 2024

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရော်ဘာအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ၂၆-၆-၂၀၂၄ ရက်နေ့က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

01 Jul 2024

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်း၌ စျေးနှုန်းသက်သာ ဆန်အရောင်းဌာနဖွင့်လှစ်၍ တိုင်းဒေသကြီးအတွင်း ဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် စားသုံးသူပြည်သူများအား  ဧည့်မထ(ဇီယာ)ဆန် တစ်ပြည် လျှင်(၃၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

01 Jul 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၂၆-၆-၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ်၊ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့်ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

01 Jul 2024

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၅-၆-၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နှင့် ဇုတ်သုတ်ကျေးရွာတို့ရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ၊ ဆန်အမျိုးအစားအလိုက် သိုလှောင်ထားမှုနှင့် အမှန်ရောင်းချနေသောဈေးနှုန်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ရောင

Pages