သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၅-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက် (၂)အတွင်းရှိ ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၆-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိဆန်ဆိုင်များ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့နယ်ဆန်စပါးလုပ်ငန်းအသင်း၏ အစည်းအဝေးခန်းမတွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့၌ ဆန်လက်လီ/လက်ကားရောင်းချနေသည့် အရောင်းဆိုင်ရှင်များနှင့်တွေ့ဆုံခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ၂၅-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် အငယ်တန်းစာရေး ဒေါ်စန္ဒာမိုးတို့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာရှိ သိန်းမေတ္တာဆန်စက်သို့ (၂၆-၆-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီနှင့် သတင်းနည်းတာဝန်ခံ ဒေါ်ကြည်ကြည်ချိုတို့သည် သိန်းမေတ္တာဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။ ရှေးဦးစွာ ဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်မျာ