M/S BAY LINE SHIPPING PTE, LTD (SINGAPORE) ကုမ္မဏီပိုင် M.T GENEVIEVE-88 အမည်ရှိ စက်သုံးဆီတင်သင်္ဘောဆိပ်ကမ်းသို့ရောက်ရှိ

Powered by Drupal

     ၂၀.၁၁.၂၀၂၅ ရက်နေ့ (၁၃း၁၅) အချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္မဏီပိုင် M.T GENEVIEVE-88 အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် Mr.Emirsyah Rulian Bin Rudjianto ပါ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၁၇ ဦး၊ စင်္ကာပူနိုင်ငံသား သင်္ဘောသား ၁ ဦး၊ ပေါင်း ၁၈ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် 95(ဓာတ်ဆီ) ၂၆၉၆.၂၀၄ မထ္ထရစ်တန်၊ 92 (ဓာတ်ဆီ) ၃၆၄၅.၃၇၈ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်း ကျေးရွာအနီး ခမ(အယ်လ်တီ-၅၃၉၉၁၃)သို့ ကျောက်ချရပ်နားထားကြောင်း သိရှိရသည်။

   အဆိုပါနေရာသို့ ပြည်နယ် ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (မွန်ပြည်နယ်)၊ မုဒုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းသင်္ဘောသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၊ စင်္ကာပူ ဆိပ်ကမ်းမှ ထွက်ခွာလာပြီး Puma Power International Port Terminal ရှိ ဂါလံ ၃၀၀၀၀၀၀ ဆံ့စက်သုံးဆီလှောင်ကန် ၂ ကန်အတွင်း စက်သုံးဆီများသိုလှောင်ထားရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)