သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Jul 2024

   (၃.၇.၂၀၂၄) ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သံဖြူဇရပ်မြို့၊ မြို့မဈေး၌ စားအုန်းဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။

09 Jul 2024

   ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၅ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရုံးချုပ်၊ နေပြည်တော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများအရ ဒေသတွင်း စားသုံးသူပြည်သူများ စားဆန်များအား သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ထားဝယ် မြို့ပေါ်ရှိ ဆန် လက်လီ/လက်ကားရောင်းချသည့် ဆန်ဆိုင်ကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအ

09 Jul 2024

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေး‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ စက်သုံးဆီအ ရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချင်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ တနင်္သာရီတိုင်းဒေသကြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီမှ ထုတ်ပြန်ပေးထားသော သတ်မှတ်ရည်ညွှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပ

09 Jul 2024

     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၌ ခေတ္တခရိုင်ဦးစီးမှူးသည် မြန်မာဆန်စပါးအွန်လိုင်း (MyRo)မှတ်ပုံတင်ခြင်းအတွက် မြိတ်ခရိုင်အတွင်းရှိ ဆန်ကုန်သည်များ၊ ဆန်လုပ်ငန်းရှင်များအား ခေါ် ယူတွေ့ဆုံ၍ ကူညီဆောင်ရွက်ခဲ့ပါသည်။

09 Jul 2024

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်/ညွှန်မှူး)သည် (၁-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် ၁၄:၃၀ နာရီအချိန်တွင် ခရိုင်ရုံးအစည်းအဝေးခန်းမ၌ ညောင်ဦးမြို့နယ်ရှိ ဆန်လက်လီ/ လက္ကားရောင်းချသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဆန်ရောင်းဝယ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များသိသင့်သိထိုက်သည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များအားသိရှိလိုက်နာစေရန် အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

Pages