သတင်းနှင့် လှုပ်ရှားမှုများ
၁၀.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်များတွင် ဆန်များအားဈေးနူန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခြ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာစာကြည့်တိုက်အသစ်ဖွင့်ပွဲ အခမ်းအနားကို ၇.၂.၂၀၂၅ ရက်နေ့ နံနက်(၀၈း၀၀) နာရီအချိန်တွင် အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း(၂)ဦး၊ မြို့မဈေး နှင့် ရပ်ကွက် လက်လီဆန်ဆိုင်များသို့ သွားရောက်၍ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပါဝင်လျက် ၃-၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်မှစ၍ မြို့မဈေးနှင့် (၇)ရပ်ကွက်သို့သွား ရောက်၍ ကွင်းဆင်းစစ် ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

ပန်းတနော်မြို့နယ်၊ မြို့မ စျေးကြီး အတွင်း/ အပြင် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲ များ၊ စားသုံးဆီ များ Bella Plus Plaster နှင့် အခြားအမှတ် တံဆိပ်ပါ Plaster များတွင် ဆေးဝါးမှတ်ပုံတင် ရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိတို့ကို (၃.၂.၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။

လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုး၊ပင်းတယ စသော မြို့များတွင် ဤရာသီဆောင်းတွင်းတွင် ပဲသီးနှံများထွက်ရှိသော ကာလ ပင်ဖြစ်သည်။ ဒေသအခေါ် ပဲလိပ်ပြာ ခေါ် ဘိုစားပဲ၊ ပဲကြီးစေ့များမှာ ဒေသထွက်ကုန် သဘာဝလယ်ယာထွက် သီးနှံများ ဖြစ်သောကြောင့် ပိုလတ်ဆတ်/ပိုဘေးကင်းကာ ပိုစား ကောင်းသည် ဟု ဘိုစားပဲခေါ် ပဲလိပ်ပြာစေ့များ ရောင်းချသူ တစ်ဦးမှ ရှင်းပြချက်အရ သိရှိ