သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေး ဦးဆောင်သော ဝန်ထမ်းများသည် ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် တောင်ကြီးမြို့နယ် ၊အခြေခံပညာအထက်တန်း ကျောင်း(ပလီလင်း) ကျောင်းမုန့်ဈေးတန်းများ အား သွားရောက်စစ်ဆေးခဲ့ပါသည်။

10 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ၊ အခြေခံပညာ အထက်တန်းကျောင်း(ပလီလင်း)၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁၀)ဦး တက်ရောက်ခဲ့ပါသည်။

10 Feb 2025

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နေ့လည် (၁၆:၀၀)နာရီ အချိန် တွင် ကျိုင်းတုံပညာရေးဒီကရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဆရာ၊ ဆရာမ (၁၈၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

10 Feb 2025

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့် ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက်လ

10 Feb 2025

စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည်(၃. ၂. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကလောမြို့ပေါ်ရှိ ကုန်စုံဆိုင် များအား အလှကုန်ပစ္စည်းအမျိုးမျိုးကို အထူးပြု၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

Pages