သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Feb 2025

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊‌ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိကို (၄.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၂း၀၀) အချိန်တွင် မြတ်အွန်လိုင်းရှော့ လူသုံးကုန်ပစ္စည်းများရောင်းချရေးလုပ်ငန်း  အမှတ်(B/4)စည်ပင်အိမ်ရာ၊ ရာဇသင်္ဂဟလမ်း၊ ပုဗ္ဗသီရိ မြို့နယ်၊နေပြည်တော်သို့ သွားရောက်၍ စစ်‌ဆေးခဲ့ကြောင်းသိရှိရပါသည်။

10 Feb 2025

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ ‌မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို (၁.၂.၂၀၂၅)ရက်နေ့၊ နေ့လည်(၂း၀၀)အချိန်တွင် အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်များအား  အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် အမှတ်(၂၁၉၅၂)၊ နွယ်သာကီ(၄)လမ်း ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိခရိုင်၊ နေပြည်တော်သို့ သွားရောက်

10 Feb 2025

          ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက် နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့မရဲစခန်းနှင့် မီးသတ်ဦး စီးဌာန စသည့်ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား ကွင်းဆင်း၍ စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

10 Feb 2025

၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၄:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်း မအူပင်ခရိုင် အစိုးရနည်းပညာ အထက်တန်း ကျောင်းတွင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်း တို့ကို ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးအား ဟောပြောဆွေးနွေးခဲ့ပါသည်။

10 Feb 2025

 ၅.၂.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂ : ၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

Pages