သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံသည် (၁၇.၆.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ငါန်းဇွန်မြို့ရှိ အမှတ်(၂)၊ အခြေခံ ပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ (၁၉.၆.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့၊ သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ စားသုံးသူပြည်သူ(၆၀)ဦးအား (၁၆.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
(၁၇-၆-၂၀၂၄)ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချနေသည့် လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်ဦးစီးမှူးမှ စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်၌ရောင်းချနေသည့် စားသုံးဆီဘူးများပေါ်၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ၊ စီးပွားရေးနှင့်ကူ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၆.၆.၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးလှိုင် ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ မြို့ပေါ်ရပ်ကွက်နှင့် မြို့မနေခြည်ဈေးအတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်နှင့်အတူ မင်းကြီးလမ်းရှိဆူမိုစတိုးဆိုင်တွင် ရောင်းချနေသောအချိုရည်မျိုးစုံများအား စားသုံးသူများဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဇန်နဝါရီလ(၁၅)ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။