သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Jun 2024

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ပြည်သူ(၄၂)ဦးအား ပါရမီရပ်ကွက်ရှိ ဓမ္မာရုံ၌  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ ပါသည်။

25 Jun 2024

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၉.၆.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပေါင်းတည်မြို့နယ် ပေါက်တန်းကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

25 Jun 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၂၀.၆.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ Queen Mark (ကုန်စုံဆိုင်)သို့ လည်းကောင်း၊ ၂၁.၆.၂၀၂၄ ရက်နေ့တွင် သာစည်ရပ်ကွက်ရှိ ဒေါ်ခင်မာအေး(ကုန်စုံဆိုင်)သို့ လည်းကောင်း သွားရောက်၍ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

25 Jun 2024

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တာဝန်ခံ ဦးချစ်ကိုကိုသည် သာယာဝတီခရိုင်ရုံးရှိ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေး ဌာနတို့ ပူးပေါင်းအဖွဲ့နှင့်အတူ (၁၉.၆.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်း မြို့နယ်အတွင်း စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးပြီး၊ ဈေးနှုန်းမြှင့်တင်  ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင

25 Jun 2024

             စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၂၀.၆.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ လက်လီ ဖြန့်ဖြူးရောင်းချသော ဒေါ်ရွှေရည်ဝင်း (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြ

Pages