
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၈-၁၁-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီက သိန်းတရာဆန်စက်ရုံးခန်းတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်း ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် MRF မှ ထုတ်ပြန်ထားသည့် သတ်မှတ် ရည်ညွှန်းဈေးဖြင့် ဆန်များအားရောင်းချပေးကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးစကားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆန်စက်လုပ်ငန်းရှင်များအား အသိပေးဟောပြောခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
