သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 May 2024

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးအနေဖြင့်  စားသုံးသူအသိပညာပေးဟောပြောပွဲများအပြင်   စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို  ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁၇-၅-၂၀၂၄) ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီခန့်အချိန်တွင် အုတ်တွင်းမြို့ပေါ်ရှိ ဆန်စက်များအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

24 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်း မြို့နယ်၊ ဘိုရာဇာရပ်ကွက်ရှိ မင်္ဂလာဈေး ၊ ကန်သာယာရပ်ကွက်ရှိ နီလာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားဆီအမျိုးအမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

24 May 2024

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV ရတနာခိုင်ထွန်း(၈) ရေယာဉ်ဖြင့် ဆန်တန်(၃၃၅)၊ အိတ်ရေ(၆၇၀၀) သည် မြိတ်မြို့သို့ (၁၇.၅.၂၀၂၄)ရက်နေ့တွင် သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

24 May 2024

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

24 May 2024

         ၂၁.၅.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ရှိ အိမ်တွင်းမှုသင်တန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့်အတူ သင်တန်းသား/သူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

Pages