သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက် နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့မရဲစခန်းနှင့် မီးသတ်ဦး စီးဌာန စသည့်ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား ကွင်းဆင်း၍ စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက် နံနက်(၁၀:၀၀)နာရီတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၆.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့သည်။

၇.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်စောကြည်သည် “ရွှေဖူး” အမှတ်တံဆိပ် နားနတ်ပေါင်းရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါ သည်။