သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၁၂-၆-၂၀၂၄ ရက်နေ့၌ ဘုရင့်နောင်ဈေးအတွင်းရှိ မောက်ကြွယ်ဆန်ဆိုင်၊ ရွှေတောင်ကြီးဆန်ဆိုင်နှင့် ရွှေကြာမြေဆန်ဆိုင်များသို့ အဖွဲ့စုံဖြင့် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး (ရုံးအုပ်) ဦးဆောင်၍ ၁၀-၆-၂၀၂၄ ရက်နေ့တွင် မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစိုးဝင်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မူမြင့်၊ ဆေးအသင်းမှဒေါက်တာဝင်းမာဖြိုးတို့နှင့် ပူးပေါင်း၍ ၁၂.၆.၂၀၂၄ ရက် နေ့လယ် (၁၂:၃၀) နာရီတွင် အမှတ် (၂၁၃/၂၁၄)၊ (၄၁)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ မြောက်ဒဂုံ မြို့နယ်ရှိ Warehouse ရှိ ဆေးနှင့
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် ၁၁-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့မဈေးသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးပါ (၂)ဦးသည် ၆-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အမှတ်(၃၀၀)၊ ဃ-A အနောက်ပိုင်းတက္ကသိုလ်အဝိုင်း၊ ထန်းတပင်မြို့နယ်ရှိ Happy Man Co.,Ltd ဆံပင်သန့်စင်လုပ်ငန်းသို့သွားရောက်၍ ဒါရိုက်တာ ဒေါ်ဇင်မာဦးနှင့်တွေ့ဆုံမေးမြန်းရာတွင် စက်ရုံ၌ လုပ်သားအင်အားအနေဖြင့် ကျား(၁၀)၊ မ(၅၀)၊ ပေါင်း(၆၀)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ဆံပင်ကုန်ကြမ်းအား အိန္ဒိယ၊ ပါက