သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 May 2024

        ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်း CMP စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော စက်ရုံအလုပ်ရုံများစွာရှိသည့်အနက် အလုပ်အကိုင်အခွင့်အလမ်းများစွာဖော်ဆောင်ပေးလျက်ရှိသော CMP အထည်ချုပ်စက်ရုံများစွာရှိသည့်အနက် အရုပ်အမျိုးမျိုးထုတ်လုပ်လျက်ရှိသော ANKANG PLUSH TOY Co;Ltd စက်ရုံသို့ (၁၃-၅-၂၀၂၄)ရက်နေ့တွင် ပူးပေါင်းအဖွဲ့ဖြစ်သော အလုပ်ရုံနှင့်အလုပ်သမားဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး

20 May 2024

     ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဧပြီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၌ ဧပြီလအတွင်း မြို့နယ်အလိုက် အထူးဈေးကွက်စောင့်ကြည့်ခြင်း  (၃၄)ကြိမ်ပြုလုပ်ခဲ့ပါသည်။ စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများကို အထူးဈေးကွက်စောင့်ကြည့်ခြင်းအနေဖြင့် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဦးစားပေးကုန်စည် (၁၀)မျိုးနှင့် အရေးကြီးကုန်စည်၊ အိမ်သုံးဆေးဝါးအမျိုးမျိုးနှင့် ဘိလပ်မြေတို့ကိုလည်း

20 May 2024

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည်  ၁၅.၅.၂၀၂၄ ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့ သာစည် ရပ်ကွက်ရှိ (WIN LIGHT HOTEL) လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

20 May 2024

       ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ပူးပေါင်းမိတ်ဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ရွှေညောင်မြို့ပေါ်ရှိ ဆီရောင်းချနေသော ဆီအရောင်းဆိုင်(၄)ဆိုင်သို့  သွားရောက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/ မရှိ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

20 May 2024

            စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၁၆.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ (ပဲရစ်) ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages