ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်အား အသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အနေဖြင့် စားသုံးသူအခွင့်အရေး များ အပြည့်အဝရရှိစေရန်၊ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် မအူပင်မြို့နယ် စားသောက်ုန်ထုတ်လုပ်ငန်းဖြစ်သည့် MKK ပဲမုန့်လုပ်ငန်းရှင်အား ၂၂.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မအူပင်မြို့နယ် မင်းလမ်းရှိ လုပ်ငန်းပိုင်ရှင်အား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ‌ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူး က လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့် တာဝန်များ၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များသိရှိစေရန်အတွက် ရောင်းချသည့်စားသောက်ဖွယ်ရာများ၏  အမျိုးအစား၊ အရွယ်အစားများတွင် ဈေးနှုန်းအားဖော်ပြထားရန်နှင့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အသားတင်းပမာဏ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊များကို ဖော်ပြထားခြင်းကို စစ်ဆေးခြင်း၊ စားသုံးသူများ ဝယ်ယူခြင်းမပြုမီ ကုန်စည်တန်ဖိုးကို  ကြိုတင်အသိပေးသွားရန်၊စားသုံးသူကာကွယ်ရေးဥပ‌ဒေပါစီးပွား‌ရေးလုပ်ငန်းရှင်သည် စားသုံးသူ အပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့်ဖော်ပြရမည့် အာမခံချက်များကိုလိုက်နာ ဆောင်ရွက်သွား ရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များ အကြောင်း အသိပညာ ပေးဆွေး နွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)