သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅-၅-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု၊ ပဒတ်ကုန်းရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဝန်း၌ စားသုံးသူပြည်သူ(၈၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
(၁၆.၅.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၀:၀၀) နာရီအချိန်က မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမို့သည် ပူးပေါင်းမိတ်ဖွဲ့ ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့ပေါ်ရှိ ဆီရောင်းချနေသော ဆီဆိုင်(၁၀)ဆိုင်အား သွားရောက်၍ ဆီရောင်းချနေမှုများကို ကွင်းဆင်းဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့မစည်ပင်သာယာရေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအားမေလ (၁၆)ရက်နေ့၊ နေ့လယ်(၀၉:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ငပုတောမြို့နယ်၊ မြို့နယ် စည်ပင်သာယာရေးဈေးတွင် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်း၊ လမ်းမတော်(မ) ရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
(၁၇.၅.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၁:၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီဌာနှင့် ပူးပေါင်းကာ ကျောက်တိုင်ကျေးရွာအုပ်စု ခုနှစ်အိမ်တန်း ကျေးရွာနေပြည်သူ (၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောခဲ့ကြသည်။