သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 May 2024

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်  ဟင်္သာတခရိုင်၊ ပန်းပဲတန်း ရပ်ကွက်၊ ရွှေမြင်တင်လမ်းရှိ သူနာပြုသင်တန်းကျောင်းခန်းမတွင် ဆရာမများနှင့် သင်တန်းသား/သူ (၂၈၀) ဦးအား (၁၂.၅.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

16 May 2024

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လက်လီ၊ လက်ကားရောင်းချလျှက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသောစားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ မေလ(၁၀)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

16 May 2024

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)အချိန်နာရီတွင် တွံတေးမြို့နယ် စည်ပင်သာယာဈေးတွင် ရောင်းချလျှက်ရှိသောကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထား‌သော ကုန်အညွှန်းအမှတ်အ

16 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၆.၅.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်ရှိ ဦးအုန်းငွေ (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

16 May 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၅.၅.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ ဦးဂျော်နီ(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages