သတင်းနှင့် လှုပ်ရှားမှုများ
(၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ငါး တို့ကို ကျိုက်လတ်မြို့ (၇) လမ်းတွင် ပြည်သူများထံသို့သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးကြောင်းသိရသည်။

ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၃၀) ရက်နေ့၊နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ဆန်/စပါး ကုန်သည်လုပ်ငန်းရှင်အသင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၀-၁၀-၂၀၂၅) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂို

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်၊ ရပ်တော်မူ မြတ်စွာဘုရားကြီး တန်ဆောင်းတွင် စားအုန်းဆီဘူးများ ရောင်းချပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် (၃၀.၁၀.၂၀၂၅) နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်သည် Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

