သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၃.၅.၂၀၂၄ ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ချစ်ပုလဲကုန်စုံဆိုင်၌ ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိကို စားသုံး/ ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ သတင်းနည်းတာဝန်ခံဒေါ်ကြည်ကြည်ချို၊ မြို့နယ် တာဝန်ခံဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၃.၅.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ဆေးဆိုင်များတွင်ရောင်းချသော ဆေးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ် ဂုမ္မာကွင်းကျေးရွာရှိ သစ်ဆန်းပဲကြော်လုပ်ငန်းရှင်နှင့် (၁၃.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ဒုကြီးကြပ်ရေးမှူး ဒေါ်အေးအေးမော်တို့သည် ပဲကြော်လုပ်ငန်းရှင် ဦးသန်းလွင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ခ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ စက်တိုင်ကုန်းရပ်ကွက်ရှိ “တိုးမြင့်” ဒိန်ချဉ်ထုတ်လုပ်သည့် လုပ်ငန်းအား ၁၃.၅.၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သွားရောက်ကွင်းဆင်းခြင်းပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် ဦးမျိုးမျိုးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ရွာသာကုန်းအုပ်စု၊ ရှမ်းကုန်း ကျေးရွာတွင် (၁၃.၅.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ၌ နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။