သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ ဝဲကျွန်းရပ်၊ တဂူသိမ်စျေး အတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုမျိုး အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဦးမင်းကိုလတ်၊ မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ဒေါက်တာခိုင်သက်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်နိုင်ဝင်း စသည့်အဖွဲ့ဝင်မျ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့ရှိ လူသုံးကုန်နှင့် စားသောက်ကုန် ဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ (၁၃.၅.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည်လူသုံးကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများတွင် ဈေးကွက်စစ်ဆေးမှုအရ မြန်မာဘာသာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရေး လမ်းညွှန်ချက်များအပေါ် ကုမ္ပဏီလုပ်ငန်းရှင်များမှ လိုက်နာလာသည်ကိုတွေ့ရှိရပါ သည်။
တနင်္သရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် ၂၀၂၄ ခုနှစ် မေလ ၁၃ရက်နေ့ နံနက် (၉:၀၀)နာရီ အချိန်တွင် ကော့သောင်းခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အမှတ် (၄၇)၊ ဗိုလ်ချူပ်လမ်း၊ သီရီမြိုင်ရပ်ကွက် KAWTHAUNG STAR TRADING CO.LTD ကုမ္မဏီ တည်ထောင်မှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ သတ်မှတ်ပုံံစံများနှင့် အတူ (၁၂.၅.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ကုန်သွယ်ရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ သွားရောက