ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် Gasifierသုံးစွဲမှုများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စက်မှု ကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၁၉-၁၁-၂၀၂၅ ရက် နေ့ နံနက် ပိုင်းက မအူပင် မြို့နယ် စပါးခွံလောင်စာသုံး Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များ ကြိတ်ခွဲလည်ပတ် ထုတ်လုပ်နိုင်မှုများ တွက်ချက်နိုင်ရေးကို သွားရောက်လေ့လာ ကြည့်ရှုစစ်ဆေးသည်။

      မအူပင်မြို့နယ်အတွင်း Gasifier သုံးဆန်စက် (၄)စက်မှ  ဆန်စက်တာဝန်ခံများနှင့် ဦးအောင်ဇော်ဦးနှင့် တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်၊ ဓာတ်အားရရှိသုံးစွဲနေမှု၊ စပါးခွံ ကုန်ကြမ်းများ ရရှိသုံးစွဲမှု၊ စပါးခွံလောင်စာသုံး Gasifier မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး Gasifier အသုံးပြုခြင်းကြောင့် ကုန်ထုတ်လုပ်မှု စရိတ်များလျှော့ချနိုင်မှုနှင့် ပြည်တွင်း၌သုံးစွဲနေသည့် စပါးခွံလောင်စာသုံး Gasifier များ၏ စစ်ဆေးတွေ့ရှိမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စပါးခွံလောင်စာသုံး Gasifier ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် စပါးခွံ ထွက်ရှိမှု အခြေအနေများ၊ စပါးကြိတ်ခွဲနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး Gasifier အသုံးပြုမှုအတွက် တွက်ချက်နိုင်ရေးအတွက် လေ့လာကွင်းဆင်းခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)