မအူပင်ခရိုင်အတွင်း ဘိလပ်မြေအရောင်းဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ ဘိလပ်မြေ ရောင်းသည့်ဆိုင်၊ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ပစ္စည်းပြတ် လပ်မှု ရှိမရှိ၊ ဈေးကွက်ဈေးနှုန်း အခြေအနေများကို  သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေး ဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၉-၁၁-၂၀၂၅) နေ့ နံနက်ပိုင်း (၁၀) နာရီ အချိန်က လိုက်လံစစ်ဆေးခဲ့သည်။

      ထိုသို့ ဘိလပ်မြေအရောင်းဆိုင်များစစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ၊ မြို့ပေါ်နှင့် အနီးကျေးရွာ အတွင်းရှိ ဘိလပ်မြေများ၊ သံချောင်းများ၊ အထပ်သားများ ရောင်းသည့် ဆိုင်များတွင် ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား လက်ရှိအခြေအနေများကို သိရှိနိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး ဘိလပ်မြေများ ပြတ်လပ်မှုမ၇ှိ ဈေးနှုန်းတည်ငြိမ်၍ ဈေးနှုန်းကြီးမြင့်မှုကြောင်း တွေ့ရှိရပြီး ကုန်အညွှန်အမှတ်အသား ပြည်စုံစွာဖော်ပြပါရှိခြင်း ရှိမရှိ ဈေးကွက်အတွင်း ပစ္စည်းများ သိုလှောင်ထားခြင်းမပြုရန်တို့ကို ဆိုင်ပေါင်း ၁၅ဆိုင်အား စစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များကို လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)